Thet Hmuu
Caleb's Blog

Caleb's Blog

Learn things the hard way

How not to waste your time while learning to code

Thet Hmuu's photo
Thet Hmuu
·Jul 24, 2022·

1 min read

Learn things the hard way

လေ့လာတဲ့နည်းတွေ လမ်းကြောင်းတွေမှားခဲ့လို့ အချိန်တွေလိုတာထက်ပိုကုန်ခဲ့ဖူးတယ်

ခုကိုယ်တိုင်က သင်ရတဲ့လူဖြစ်လာတော့ သူတို့အချိန်တွေ energyတွေနည်းနည်းမှ အပိုမကုန်စေရဘူးလို့ အမြဲတွေးပြီး သေချာပြင်ဆင်ပြီးသင်တယ်

နေ့တိုင်းနီးပါးလည်း လေ့လာနေတယ်။ လေ့လာရတာအသားကျတော့ ထူးပြီးမပင်ပန်းဘူး။ သူ့အချိန်နဲ့သူ blogတွေဖတ်တယ် စာအုပ်တွေဖတ်တယ် video courseတွေကြည့်တယ်။ အရင်လကထက် ဒီနေ့ တစ်လစာပိုတတ်ရမှာပဲ။

Tutorထဲမှာဆို Bradက လက်ဦးဆရာ။ နောက်တော့ The Net Ninja, Dev Ed, Kevin Powell အများကြီး။ ခုနောက်ပိုင်း Flavio Copes, Josh W. Comeau, Kent C. Dodds, Anthony Alicea။ Authorထဲကဆို Robin Wieruch, Adam Watham, Flavio Copes, Marijn Haverbekeစတဲ့ သူတို့ရဲ့စာအုပ်တွေ နည်းနည်းစီဖတ်ဖြစ်တယ်။ Knowledge gapတွေ ရှိသမျှ လိုက်ဖြည့်နေရတာပဲ။

(နောက်တစ်ခုက ကိုယ်ကVideoမှ video၊ စာအုပ်မှ စာအုပ်ဆိုပြီး learning mediumတစ်ခုထဲကိုပဲ အားမကိုးဖို့အကြံပေးချင်တယ်။ ကိုယ်လည်းvisual learnerမို့ videoတွေကနေပဲ သင်နေခဲ့ဖူးတယ်။ နောက်တော့ စာအုပ်တွေဖတ်ကြည့်တဲ့အခါမှာ brainမှာ stickဖြစ်တဲ့ပုံစံက တစ်မျိုးပိုeffective ဖြစ်စေတာသိသွားတယ်။)

Knowledgeတစ်ခုပိုသိလေ အလုပ်လုပ်တဲ့အခါ stressတစ်ခုသက်သာလေလို့ ခေါင်းထဲထည့်ထားတယ်။

နေရတာပျော်စရာကောင်းဖို့အတွက်က အလုပ်မှာကျွမ်းကျင်ပြီး work stressကို အပြင်သယ်လာစရာမလိုဖို့လိုပါတယ်။

CSSကို သေချာနားမလည်သေးဘဲ Bootstrapကိုသွားလုပ်တော့ ဘာမှသိပ်မတတ်ဘူး။ CSS ကို revisitပြန်လုပ်ရ အများကြီးပြန်လေ့လာရနဲ့ အချိန်တွေ၂ဆလောက်ပိုကုန်သွားတာပဲ။

တစ်ခုကျေညက်မှ တစ်ခု မလုပ်ခဲ့တဲ့အကျိုးဆက်။

ဘယ်ဟာကို စလေ့လာရမယ် ဘယ်လောက်ထိလေ့ကျင့်ထားရမယ်။ ပြီးရင်frameworkတွေ libraryတွေ ဘယ်လိုချိတ်ဆက်လေ့လာရမယ် သိဖို့ အရေးကြီးပါတယ်။

Youtube, freecodecampစတဲ့နေရာတွေကနေ freeအကုန်လေ့လာလို့ရတယ်။ တစ်ခုပဲလိုတယ် အဲဒါ structured learning path! ပြီးတော့ ကိုယ်လက်ရှိသိသလောက်ကနေ ဘာဆက်လုပ်ရမလဲဆိုတဲ့ personalized plan။ ဒါမျိုးတွေ စနစ်တကျသိဖို့က mentorတစ်ယောက်သေချာလိုတာပေါ့။ ဒါက free resourceတွေထက် paid courseတွေ classတွေရဲ့ အရေးပါတဲ့အားသာချက်ပါ။

Before CSS frameworks, learn enough CSS properly.

Before React or others, learn JavaScript and its weird behaviors thoroughly.

Spend a good amount of time learning pure CSS and JavaScript.

Your future self will thank you. 🖤

#adminCaleb

 
Share this